Hamster ကို လှမ်းကလိလိုက်တဲ့ Tomarket

ဒီကနေ့မှာတော့ Tomarket ဟာ "Users first" ဆိုတဲ့ခေါင်းစဉ်နဲ့ ကြေညာချက်တစ်ခု ထုတ်ပြန်ပေးခဲ့ပါတယ်။

အဆိုပါ ကြေညာချက်အရ သူတို့ဟာ ပထမတုန်းက Airdrop ရဖို့အတွက် ဘယ်လိုအချက်အလက်တွေလိုအပ်တယ်ဆိုတာကို သတ်မှတ်ထားခဲ့ပေမယ့် ယခုအခါမှာတော့ အဆိုပါ လိုအပ်ချက်တွေကို ပယ်ဖျက်လိုက်ပြီလို့ ဆိုပါတယ်။

ဒါ့အပြင် Hamster Game ကို ဆော့ခဲ့ပြီး စိတ်ဓာတ်ကျနေသူတွေအတွက် Tomarket ကိုလာခဲ့ကြဖို့နဲ့ User အသစ်တွေအကုန်လုံးကို ဘာအမေးအမြန်း၊ ဘာလိုအပ်ချက်မှ မရှိဘဲ 50,000 TOMATO ပေးမယ်လို့ ထုတ်ပြန်လာပါတယ်။

Major ကလည်း ပြီးခဲ့တဲ့ရက်တွေတုန်းက "Youre not hamsters, you're Majors" ဆိုပြီး Hamster ကို လှမ်းရိသဲ့သဲ့လုပ်ထားပါသေးတယ်။

သမိုင်းတလျှောက်အကြီးမားဆုံး Airdop ဆိုပြီး ကြေညာထားပြီးကာမှ User တွေကို Token ပေးတာနည်းသလို၊ List တဲ့အခါမှာလည်း ခန့်မှန်းထားကြတာထက် ဈေးနည်းခဲ့တဲ့ Hamster Kombat ကတော့ ခုချိန်မှာ တစ်ကမ္ဘာလုံးနီးပါးရဲ့ မေတ္တာပို့ခြင်းကို ခံယူနေရလျက်ရှိတဲ့အပြင် Airdrop Project တွေကပါ လှမ်းကလိတာကို ခံရလျက်ရှိနေတာ ဖြစ်ပါတယ်။
Hamster ကို လှမ်းကလိလိုက်တဲ့ Tomarket ဒီကနေ့မှာတော့ Tomarket ဟာ "Users first" ဆိုတဲ့ခေါင်းစဉ်နဲ့ ကြေညာချက်တစ်ခု ထုတ်ပြန်ပေးခဲ့ပါတယ်။ အဆိုပါ ကြေညာချက်အရ သူတို့ဟာ ပထမတုန်းက Airdrop ရဖို့အတွက် ဘယ်လိုအချက်အလက်တွေလိုအပ်တယ်ဆိုတာကို သတ်မှတ်ထားခဲ့ပေမယ့် ယခုအခါမှာတော့ အဆိုပါ လိုအပ်ချက်တွေကို ပယ်ဖျက်လိုက်ပြီလို့ ဆိုပါတယ်။ ဒါ့အပြင် Hamster Game ကို ဆော့ခဲ့ပြီး စိတ်ဓာတ်ကျနေသူတွေအတွက် Tomarket ကိုလာခဲ့ကြဖို့နဲ့ User အသစ်တွေအကုန်လုံးကို ဘာအမေးအမြန်း၊ ဘာလိုအပ်ချက်မှ မရှိဘဲ 50,000 TOMATO ပေးမယ်လို့ ထုတ်ပြန်လာပါတယ်။ Major ကလည်း ပြီးခဲ့တဲ့ရက်တွေတုန်းက "Youre not hamsters, you're Majors" ဆိုပြီး Hamster ကို လှမ်းရိသဲ့သဲ့လုပ်ထားပါသေးတယ်။ သမိုင်းတလျှောက်အကြီးမားဆုံး Airdop ဆိုပြီး ကြေညာထားပြီးကာမှ User တွေကို Token ပေးတာနည်းသလို၊ List တဲ့အခါမှာလည်း ခန့်မှန်းထားကြတာထက် ဈေးနည်းခဲ့တဲ့ Hamster Kombat ကတော့ ခုချိန်မှာ တစ်ကမ္ဘာလုံးနီးပါးရဲ့ မေတ္တာပို့ခြင်းကို ခံယူနေရလျက်ရှိတဲ့အပြင် Airdrop Project တွေကပါ လှမ်းကလိတာကို ခံရလျက်ရှိနေတာ ဖြစ်ပါတယ်။
Like
3
0 Reacties 0 aandelen 399 Views